14
1 ပညာရှိ သောမိန်းမ သည် မိမိ  အိမ် ကို တည်ဆောက်  တတ်၏။ မိုက် သောမိန်းမမူကား ၊ ကိုယ် လက် နှင့်  ဖြိုဖျက် တတ်၏။  
2 ဖြောင့် သောလမ်းသို့ လိုက် သောသူသည် ထာဝရဘုရား  ကို ကြောက်ရွံ့ တတ်၏။ ကောက်သောလမ်းသို့ လိုက် သောသူမူကား ၊ မထီမဲ့မြင် ပြုတတ်၏။  
3 မိုက် သောသူ၏ နှုတ် ၌ မာန ကြိမ်လုံး ရှိ၏။ ပညာရှိ  သောသူ၏ နှုတ်ခမ်း တို့သည် ကယ်တင် သောအမှုကို ပြုတတ်၏။  
4 နွား ထီးမ ရှိသော တင်းကုပ် သည် စင်ကြယ် ၏။ သို့သော်လည်း ၊ နွား ခွန်အား ကိုသုံး၍ များ သောစီးပွား ကို ရတတ်၏။  
5 သစ္စာ ရှိသောသက်သေ သည်မုသာ မ သုံးတတ်။ သစ္စာ  ပျက်သော သက်သေ မူကား ၊ မုသာ ကိုသုံး တတ်၏။  
6 မထီမဲ့မြင် ပြုသောသူသည် ပညာ  ကိုရှာ ၍  မ တွေ့ရာ။ ဉာဏ် ရှိသောသူမူကား ၊ ပညာ အတတ်ကို  ရ လွယ်၏။  
7 မိုက် သောသူနှင့်တွေ့၍ သူ၏နှုတ် ၌ ပညာ  အတတ်မ ရှိသည်ကို သိမြင် လျှင် ၊ ထိုသူ ကို  ရှောင် သွား လော့။  
8 ပညာ သတိရှိသောသူ ၏ပညာ  ကား၊ ကိုယ် သွား ရသောလမ်း ကို သိ  ခြင်းတည်း။ မိုက် သောသူ၏ မိုက် ခြင်း မူကား  ၊ ပရိယာယ် တည်း။  
9 မိုက် သောသူတို့သည် ဒုစရိုက် အပြစ်ကို မထီ  လေးစားပြုကြ၏။ ဖြောင့်မတ် သောသူတို့ မူကား  ၊ တယောက် ကိုတယောက်ကျေးဇူး ပြုကြ၏။  
10 စိတ် နှလုံးသည် မိမိ  ဒုက္ခ ကို သိ  ၏။ စိတ်နှလုံးရွှင်လန်း ခြင်း အကြောင်းကိုလည်း သူတပါး မ ဆိုင် တတ်။  
11 မ တရားသောသူ၏အိမ် သည် ပြို လဲတတ်၏။ ဖြောင့်မတ် သောသူ ၏တဲ  မူကား ၊ ပွင့်လန်း တတ်၏။  
12 လူ ထင် သည်အတိုင်း မှန် သောလက္ခဏာ ရှိ သော်လည်း  ၊ အဆုံး ၌ သေ  ခြင်းသို့ပို့သော လမ်း တမျိုးရှိ၏။  
13 လူသည် ရယ် စဉ် အခါပင် ၊ ဝမ်းနည်း သောစိတ်  သဘောရှိ၏။ ထို  ရယ်မောရွှင်လန်း ခြင်းအဆုံး ၌လည်း  ညှိုးငယ် ခြင်းရှိတတ်၏။  
14 စိတ် နှလုံးဖေါက်ပြန် သောသူဖြစ်စေ ၊ သူ တော် ကောင်းဖြစ်စေ ၊ မိမိ အကျင့် တို့နှင့်ဝ လိမ့်မည်။  
15 ဉာဏ် တိမ်သောသူသည် သူတပါး ပြော သမျှ ကို ယုံ  တတ်၏။ ပညာ  သတိရှိသောသူမူကား ၊ မိမိ သွား ရာ လမ်းကို  စေ့စေ့ ကြည့်ရှုတတ်၏။  
16 ပညာရှိ သောသူသည် ကြောက် ၍  ဒုစရိုက် ကို  ရှောင် တတ်၏။ မိုက် သောသူမူကား  မာန ကြီး၍  ရဲရင့်  တတ်၏။  
17 စိတ်တို သောသူသည် မိုက် စွာသောအမှုကို ပြု တတ်၏။ မ  ကောင်းသောအကြံကို ကြံသောသူ ကိုလည်း  သူတပါးမုန်း လိမ့်မည်။  
18 ဉာဏ် တိမ်သောသူသည် မိုက် ခြင်းကို အမွေခံ တတ်၏။ ပညာ  သတိရှိသောသူမူကား ၊ သိပ္ပံ သရဖူ ကို ဆောင်းတတ်၏။  
19 လူဆိုး တို့သည် သူ  တော်ကောင်းရှေ့ ၌၎င်း  ၊ မ တရားသောသူတို့သည် ဖြောင့်မတ် သောသူ၏ အိမ် တံခါးဝ ၌ ၎င်း ဦးချ တတ်ကြ၏။  
20 ဆင်းရဲ သောသူသည် မိမိ  အိမ်နီးချင်း မုန်း ခြင်း ကိုပင် ခံရမည်။ ငွေ ရတတ်သောသူ၌မူကား ၊ များစွာ သော အဆွေ ခင်ပွန်းရှိလိမ့်မည်။  
21 မိမိ အိမ်နီးချင်း ကို  မထီမဲ့မြင် ပြုသောသူသည် အပြစ် ရှိ၏။ ဆင်းရဲ သော သူကိုသနား  သောသူမူကား ၊ မင်္ဂလာ ရှိ၏။  
22 မ ကောင်းသော အကြံကိုကြံ တတ်သောသူတို့ သည် မှားယွင်း ကြလိမ့်မည်။ ကျေးဇူး ပြု မည်ဟု ကြံတတ် သောသူတို့မူကား  ၊ ကရုဏာ အကျိုး နှင့် သစ္စာ အကျိုးကိုခံရကြလိမ့်မည်။  
23 ကြိုးစား ၍ လုပ်လေရာရာ ၌ကျေးဇူး ရှိ ၏။ စကား  များခြင်းအကျိုးမူကား ၊ ဆင်းရဲ ခြင်းသက်သက် တည်း။  
24 ပညာရှိ သောသူတို့၏ စည်းစိမ် ဥစ္စာသည် သူ  တို့ ဦးရစ် သရဖူဖြစ်၏။ မိုက် သောသူတို့၏ မိုက် ခြင်းမူကား၊ အမိုက် သက်သက်ဖြစ်၏။  
25 မှန် သောသက်သေ သည် သူ့အသက် ကို ကယ်တင်  တတ်၏။ မ  မှန်သောသက်သေ မူကား ၊ မုသာ ကို သုံးတတ်၏။  
26 ထာဝရဘုရား ကို ကြောက်ရွံ့ ခြင်းသည် အားကြီး သော ကိုးစား  ရာအခွင့်ကိုဖြစ်စေတတ်၏။ သား  တော်တို့ သည်လည်း ၊ ခိုလှုံ ရာအရပ်ကို ရ  ကြလိမ့်မည်။  
27 ထာဝရဘုရား ကို ကြောက်ရွံ့ သောသဘောသည် အသေခံ  ရာ ကျော့ကွင်း တို့မှ  လွှဲရှောင် ရာအသက်  စမ်းရေ တွင်း ဖြစ်၏။  
28 ပြည်သား များပြား ရာ၌  ရှင်ဘုရင် ၏ဘုန်း တော် တည်၏။ ပြည်သား နည်းပါး ရာ၌ ကား ၊ မင်း အကျိုးနည်း ခြင်းရှိ၏။  
29 စိတ် ရှည် သောသူသည် ပညာ  ကြီး ၏။ စိတ်တို သောသူမူကား ၊ အထူးသဖြင့်မိုက် ပေ၏။  
30 ကျန်းမာ သောနှလုံး သည် ကိုယ် အသက်ရှင် စေ သောအကြောင်း၊ ငြူစူ သော သဘောမူကား  ၊ အရိုး  ဆွေးမြေ့ ခြင်းအကြောင်းဖြစ်၏။  
31 ဆင်းရဲသား တို့ကို ညှဉ်းဆဲ သောသူသည် ဖန်ဆင်း  တော်မူသောဘုရားကိုကဲ့ရဲ့ ၏။ ဘုရား  ကို ရိုသေ  သောသူမူကား ၊ ဆင်းရဲ သောသူတို့ကို သနား  တတ်၏။  
32 မ တရားသောသူသည် မ  တရားသဖြင့် ပြုစဉ်အခါ ၊ လှဲ ခြင်းကို ခံရ၏။ ဖြောင့်မတ် သောသူမူကား ၊ သေ သောအခါ၌ ပင် မြော်လင့် စရာရှိ၏။  
33 ဉာဏ် ရှိသောသူ၏ နှလုံး ၌ ပညာ ကျိန်းဝပ် တတ် ၏။ မိုက် သောသူတို့၏အထဲ ၌ ရှိသောအရာမူကား ၊ ထင်ရှား တတ်၏။  
34 ဖြောင့်မတ် ခြင်းတရားသည် ပြည်သား တို့ကို ချီးမြှောက် တတ်၏။ ဒုစရိုက် အပြစ်မူကား ၊ ပြည်သား များ တို့ကို ရှုတ်ချ တတ်၏။  
35 ပညာရှိ သော ကျွန် အား ရှင် ဘုရင်သည် ကျေးဇူး ပြုတတ်၏။ အရှက် ခွဲတတ်သော ကျွန်မူကား ၊ အမျက် တော်ကိုခံရ မည်။