၁ သက်သာလောနိတ်
သက်သာလောနိတ် သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာ
နိဒါန်း
သက်သာလောနိတ် သင်းတော်ဟှို ပေါလုရဲ့ ပထမပေးစာ ဟှို တမန်တော်ပေါလုဟှ ရေးဟှားဟှယ် (၁.၁)။ ကျမ်းစာရဲ့ တစိတပိုင်းဖြစ်လာဟှူ အယ်စာဟှာ ပေါလုရေးဟှားဟှူ ပထမပေးစာဖြစ်ဘီး အယ်ပေးစာဟှာ ခရစ်တော် မွီးဘီးန ၅၁ ခုနှစ်လော့‑က်ဟှ ရေးဟှားလေဟှယ်။ သက်သာလောနိကဗြို့မာရှိဟှူ သင်းတော်ဟှို အယ်ပေးစာရေးဟှူ ခီဒူးဟှ ပေါလုဟှာ ကောရိန့်ဗြို့မာ ရှိနေဘီး အယ်သင်းတော်ဟှို သူ့ရဲ့ ဒုတိယသာသနာ ခရီးမာ တည်ထောန်ဟှားဟှယ် (တ ၁၇.၁–၁၀)။ အယ်သင်းတော်ဟှို ယုဒလူလေတချို့န လူမျိုးခြားလေ ဘောင်ဂီးန ဖွဲ့စည်းဟှားဟှယ် ဆိုဘီး တမန်တော်လေရဲ့ လောက်ဆောန်ရှင်း ကျမ်းထဲမာ အယ်မူကြောန်းဟှို ပြောဟှားဟှယ်။
အယ်သင်းတော်ဟှို တည်ထောန်ဘီးန ပေါလုဟှာ သက်သာလောနိကဗြို့မာ ခီကြာဂီး နေနိုင်ဘဲဟှူကြောန့် သူဟှာ အယ်နေရာမာရှိဟှူ ယောင်ကြည်သူလေဟှို အားပေးဟှို့တွပ် အယ်ပေးစာဟှို ပို့ပေးလေဟှယ်။ အယ်ပေးစာမာ ကြောန်းရာလေ ဘောင်ဂီးပါဝမ်ဘီး ခရစ်ယာန်လေဟှာ ဖယ်မျိုးသတ်ရှင်ရမယ် ဆိုဇာနဆိုင်ဟှူ ညွှန်ကြားချစ်လေ ဘောင်ဂီးပါဟှယ်။ ပေါလုဟှ ခရစ်တော်ရဲ့ ဒုတိယခါ ကြွလာမယ် ဆိုဇာဟှို လေးထားဘီး ရေးဟှားဟှယ်။ သက်သာလောနိတ် သင်းတော်မာရှိဟှူ ယောင်ကြည်သူလေဟှာ အယ်ကြောန်းရာဟှို ရရာတိုင်း စိဝမ်ဇားဟှူကြောန့် ဖြစ်နိုင်ဟှယ်။ ဘုရားသခင်နှစ်သက်ဟှူ သတ်ရှင်မှုန သတ်ရှင်ဟှို့တွပ် နှိုးဆော်ရှင်ဟှူကြောန့် ပေါလုဟှ ခရစ်တော်ရဲ့ ဒုတိယခါ ကြွလာဟှို့ကြောန်းဟှို သောင်းပြုဟှားဟှယ် (၅.၆–၈)။
ကြောန်းရာ ကျဉ်းချောက်
၁။ ပေါလုဟှာ သင်းတော်ဟှို နှော့‑က်ဆစ်ရှင်းန သူးနို့တွပ် ဘုရားသခင်ဟှို ကျေးဇူးတန်ရှင်းအားဖြင့် အယ်ပေးစာဟှို စပြုဟှားဟှူကြောန်း (၁.၁–၁၀)
၂။ သူ့ရဲ့ လောက်ဆောန်မှုန တိမောသေဟှို ခေါ်ဆောန်လာဟှူဒန်းဟှို ရှင်းပြဟှားဟှူကြောန်း (၂.၁—၃.၁၃)
၃။ ပေါလုဟှာ ယေရှုဒုတိယခါ ကြွလာရှင်းရဲ့ လန်းရောန်ထဲမာ ခရစ်ယာန်လေဟှာ ဖယ်မျိုးသတ်ရှင်ရမယ် ဆိုဘီး ညွှန်ကြားချစ်လေ ပေးဟှားဟှူကြောန်း (၄.၁—၅.၁၅)
၄။ ပေါလုဟှာ သင်းတော်ဟှို ထပ်နှော့‑က်ဆစ်ဘီးဟှာ အယ်ပေးစာဟှို သင်းတော်ထဲမာရှိဟှူ လူတိုင်း သေးသေချားချာဟှား ဖတ်ဟှို့တွပ် သူးနို့ဟှို ပြောကြားဘီး နိဂေါင်းချောက်ဟှားဟှူကြောန်း (၅.၁၆–၂၈)
1
1 ၁.၁ တ ၁၇.၁ပေါလု၊ သိလွာနုန တိမောသေလေဟှနေဘီး —
သက်သာလောနိကဗြို့ သင်းတော်ဟှ သင်းဝမ်ဟှူသူလေဟှို နှော့‑က်ဆစ်လိုက်ပါဟှယ်။ သခင်ယေရှုခရစ်န နို့လေရဲ့ဖ ဖြစ်ဟှူ ဘုရားသခင်နားဟှနေ၊
ကျေးဇူးတော်န ငြီသတ်ရှင်းဟှာ နန်းနို့လေမာ ရှိပါစေ။
သက်သာလောနိတ် သင်းတော်ရဲ့ ယောင်ကြည်ရှင်းကြောန်း
2 နို့လေဟှာ နန်းနို့ဂူလောင်းတွပ် ဘုရားသခင်ရဲ့ ကျေးဇူးတော်ဟှို မြဲဒမ်း ချီးမွမ်းဘီး နို့လေ ဆုတောန်းဟှူ ခီတိုင်းမာ ဒိရဘီးဟှာ၊ 3 နန်းနို့လေရဲ့ ယောင်ကြည်ရှင်းနဆိုင်ဟှူ လောက်ဆောန်မှုလေ၊ မြစ်တာန ကြိုးစားအားထုရှင်းလေန နို့လေရဲ့သခင် ယေရှုခရစ်တော်ဟှို မျှော်လင့်ရှင်းအားဖြင့် ဖြစ်ပေါ်လာဟှူ သီးခံမှုလေဟှို နို့လေရဲ့ဖ ဘုရားသခင်ရှေ့တော်မာ မြဲဒမ်း ဒိရအော့‑က်မေ့ဂေ့ပါဟှယ်။ 4 ညီကို မောန်နှမလေ၊ ဘုရားသခင်ဟှ နန်းနို့ဟှိုရှစ်ဟှူကြောန့် ဝီးကော့‑က်ဟှားဟှယ် ဆိုဇာဟှို နို့လေသိဂေ့ဟှယ်။ 5 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နို့လေဟောပြောဟှူ ကောန်းမြတ်ဟှူဒန်းကောန်းဟှာ စကားအားဖြင့်မှုဘဲန တဂိုးတော်အားဖြင့်ဘဲ့ဖြစ်ဖြစ်၊ သန့်ရှင်းဟှူဝိညာဉ်တော်အားဖြင့်ဘဲ့ဖြစ်ဖြစ် ပ္လဲ့ဝဟှူစိခ္လမှုအားဖြင့် နန်းနို့လေနားဟှို ရော့‑က်လာရှင်းဖြစ်ဟှယ်။ နို့လေဟှာ နန်းနို့လေနတူးဒူ ရှိဟှူခီဒူးဟှ နန်းနို့လေတွပ် ဖယ်မျိုးဟှူသူလေ ဖြစ်ဟှယ် ဆိုဇာဟှို နန်းနို့သိဂေ့ပါဟှယ်။ 6 ၁.၆ တ ၁၇.၅–၉နန်းနို့လေဟှာ ရရာတိုင်း ကီးမားဟှူ ဆင်းရဲမှုလေဟှို ခံရဟှူလည်းဘဲ့ သန့်ရှင်းဟှူဝိညာဉ်တော်နဆိုင်ဟှူ ဝန်းသာရှင်းလေနတူးဒူ စကားတော်ဟှို ခံယူဘီး နို့လေဟှူမျိုးသူ၊ သခင်ဘုရားမျိုးဟှူ သူလေဖြစ်ဂေ့ဟှယ်။ 7 အယ်ကြောန့် နန်းနို့လေဟှာ မာကေဒေါနိပြည်၊ အခါယပြည်မာရှိဟှူ ယောင်ကြည်ဟှူသူ အားလောင်းတွပ် ပေါင်သတ်သေပေးဟှူသူလေ ဖြစ်ဂေ့ဟှယ်။ 8 ဖြားဖြစ်ကြောန့်နူးဆိုဟှာ ဘုရားသခင်ရဲ့ စကားတော်ဟှာ နန်းနို့နားဟှနေ မာကေဒေါနိပြည်န အခါယပြည်ထိ ကျော်ကြားဟှူမျှနမှုဘဲ ဘုရားသခင်ဟှို နန်းနို့ရဲ့ယောင်ကြည်ရှင်းဒန်းဟှာ နေရာတိုင်းမာ ပ္လံ့နှံ့နေရှင်းဖြစ်ကြောန့် နို့လေဟှာ ဖြားကြောန်းလေဟှိုလည်း ပြောဇာ မှေ့ဟှ။ 9 ဖြားဖြစ်ကြောန့်နူးဆိုဟှာ နန်းနို့လေဟှာ နို့လေဟှို ဖယ်မျိုး လတ်ခံဂေ့ဟှူဆိုဇာန သတ်ရှင်တော်မူဘီး စစ်မှန်ဟှူ ဘုရားသခင်ဟှို စေခံဟှို့တွပ် 10 က္လရော့‑က်လာမယ့် ဘေးဒန်ဟှ နို့လေဟှိုကယ်နှုပေးဟှူ ယေရှု တနည်းအားဖြင့် သေရှင်းဟှနေ ဘုရားသခင်ထမြော့‑က်စေတော်မူဟှူ သားတော်ဟှာ ကောန်းဂန်ဘောင်ဟှ ကြွလာတော်မူမယ့်ရာဟှို စောန့်မျှော်နိုင်ဟှို့တွပ် ရောက်တုလေဟှို ဖယ်ရှားဘီး ဘုရားသခင်နားဟှို ပ္လောန်းလဲဂေ့ဟှူ ကြောန်းရာလေဟှိုလည်း သူးနို့ကိုယ်တိုင် ပြောပြဂေ့ပါဟှယ်။