16
တိမောသေသည် ပေါလု၊ သိလရို့နှင့်အတူ ခရီးထွက်ခြင်း
ပေါလုသည် ဒေရဗေမြို့သို့ ခရီးထွက်လာခပြီး တိမောသေ ဟုခေါ်သော တပည့်တော်တစ်ယောက် နီထိုင်သည့် လုတ္တရမြို့သို့ ရောက်လာ၏။ ထိုသူ၏အမိသည် ယုဒလူမျိုး ယုံကြည်သူ တစ်ယောက်ဖြစ်ပြီး သူ၏အဖသည်ကား၊ ဟေလသလူမျိုးဖြစ်၏။ လုတ္တရမြို့နှင့် ဣကောနိမြို့၌ ဟိသော ယုံကြည်သူ အားလုံး၌ တိမောသေ၏ ဂုဏ်သတင်းသည် ကျော်ဇောလျက်ဟိ၏။ ပေါလုသည် တိမောသေကို မိမိနှင့်အတူ ခေါ်လိုသည်ဖြစ်၍ ထိုအရပ်တွင် နီထိုင်ကြသော ယုဒလူမျိုးတိကြောင့် သူ့အား အရီဖျားလှီးခြင်းကို ပီးလေ၏။ အကြောင်းမူကား သူ၏အဖသည် ဟေလသလူမျိုး တစ်ယောက်ဖြစ်သည်ကို သူရို့အားလုံး သိကြ၏။ သူရို့သည် တစ်မြို့ဝင် တစ်မြို့ထွက် လှည့်လည်ကာ ယေရုဆလင်မြို့မှ တမန်တော်တိနှင့် အသင်းတော်လူကြီးတိက ဆုံးဖြတ်ချက်ချထားသော စည်းမျဉ်းစည်းကမ်းများကို ယုံကြည်သူတိအား ဖြန့်ဝီပီးကြပြီးလျှင် ဤစည်းမျဉ်းစည်းကမ်းများကို လိုက်လျှောက်ကြရန် သူရို့အား နှိုးဆော်ကြ၏။ ထို့ကြောင့် အသင်းတော်များသည် ယုံကြည်ခြင်း၌ သာ၍ ခိုင်မာလာကြပြီးလျှင် အရီအတွက်အားဖြင့်လည်း နိ့စဉ်နိ့တိုင်း တိုးပွားလာကြ၏။
တရောမြို့၌ ပေါလု၏ ဗျာဒိတ်ရူပါရုံ
အာယှိပြည်၌ နှုတ်ကပတ်တရားတော်ကို ဟောပြောရန် သန့်ယှင်းသောဝိညာဉ်တော်က သူရို့ကို ခွင့်ပြုတော်မမူသောကြောင့် ပေါလုနှင့် သူ၏အပေါင်းအဖော်ရို့သည် ဖြူဂိပြည်နှင့် ဂလာတိပြည်သို့ ခရီးဆက်ကြ၏။ သူရို့သည် မုသိနယ်စပ်သို့ ရောက်သောအခါ ဗိသုနိပြည်ထဲသို့ ဝင်ရောက်ဖို့ ကြိုးစားကြသော်လည်း ယေသျှု၏ဝိညာဉ်တော်က သူရို့ကို အခွင့်မပီးခပေ။ ထို့ကြောင့် သူရို့သည် မုသိပြည်ကို လျှောက်၍*လျှောက်၍၊ သို့မဟုတ် ဖြတ်၍။ တရောမြို့သို့ ဆင်းလာကြ၏။ ပေါလုသည် ညဉ့်အခါ၌ မာကေဒေါနိပြည်သား တစ်ယောက်က “မာကေဒေါနိပြည်သို့ ကူး၍ ငါရို့ကို ကူညီပါ” ဟု ရပ်လျက် သူအား တောင်းပန်နိန်သော ဗျာဒိတ်ရူပါရုံ တစ်ခုကို မြင်လေ၏။ 10 ပေါလုသည် ဤရူပါရုံကို မြင်လျှင်မြင်ချင်း ငါရို့သည် မာကေဒေါနိပြည်သို့ ထွက်ခွာရန် အဆင်သင့်ပျင်ကြ၏။ အကြောင်းမူကား ထိုပြည်၌ဟိသော လူတိအား သတင်းကောင်းတရားကို ဟောကြားခြင်းငှာ ဘုရားသခင် ငါရို့ကို ခေါ်တော်မူသည်ဟု ငါရို့သည် ဆုံးဖြတ်ချက် ချလိုက်ကြသောကြောင့်ဖြစ်၏။
ဖိလိပ္ပိမြို့၌ လုဒိ ပြောင်းလဲခြင်း
11 ငါရို့သည် တရောမြို့မှ သင်္ဘောဖြင့် ထွက်ခွာ၍ သာမောသရက်ကျွန်းသို့ တည့်တည့်ဖြတ်၍ ရွက်ရွှင့်လာကြရာ နောက်တစ်နိ့၌ နာပေါလိမြို့သို့ ရောက်ကြ၏။ 12 ငါရို့သည် ထိုမြို့မှ ကုန်းကြောင်းခရီးဖြင့် ထွက်လာကြပြီး ဖိလိပ္ပိမြို့သို့ ရောက်ကြ၏။ မာကေဒေါနိပြည်၏ ပထမဆုံး ခရိုင်မြို့ တစ်မြို့မာကေဒေါနိပြည်၏ ပထမဆုံး ခရိုင်မြို့ တစ်မြို့၊ အချို့ မူရင်းလက်ရီးမူကျမ်းများတွင် မာကေဒေါနိပြည်၏ ခရိုင်ကို ဦးဆောင်သော မြို့တစ်မြို့၊ သို့မဟုတ် မာကေဒေါနိပြည်၌ ဟိသော ခရိုင်၏ ဦးဆောင်သော မြို့တစ်မြို့၊ ဟူ၍ ပါဟိ၏။ဖြစ်သော ထိုမြို့သည် ရောမလက်အောက်ခံ မြို့တစ်မြို့ဖြစ်၏။ ငါရို့သည် ထိုမြို့၌ ရက်အင်တန်ကြာ နီခကြ၏။
13 ဥပုသ်နိ့၌ ငါရို့သည် ယုဒလူမျိုးများ ဆုတောင်းရန် စုဝေးကြသည့် နီရာတစ်ခု ဟိလိမ့်မည်ဟု စိတ်အထင်ဖြင့် မြို့အပြင်ဖက် မြစ်နားသို့ ထွက်လာကြ၏။ ငါရို့သည် ထိုနီရာ၌ ဝင်ထိုင်ကြပြီးလျှင် စုဝေးနိန်ကြသော မိန်းမတိအား ဟောပြောလေ၏။ 14 နီမောင်းသောအထည်များကို ရောင်းချသည့် လုဒိဟုခေါ်သော သွာတိရမြို့သူ တစ်ယောက်သည်လည်း ငါရို့ဟောပြောသော တရားကို ကြားနာကြသောသူရို့ထဲက တစ်ယောက်ဖြစ်၏။ သူမသည် ဘုရားသခင်ကို ဝတ်ပြုကိုးကွယ်သော မိန်းမတစ်ယောက်ဖြစ်သည်နှင့်အညီ သခင်ဘုရားသည် ပေါလုဟောသော တရားကို အာရုံဝင်စားစီခြင်းငှာ ထိုမိန်းမ၏စိတ်နှလုံးကို ဖွင့်ပီးတော်မူ၏။ 15 ထိုမိန်းမသည် မိမိ၏ အိမ်သူအိမ်သားတိနှင့်အတူ ဗတ္တိဇံကို ခံပြီးနောက် “အကျွန်သည် သခင်ဘုရား၏ စစ်မှန်သော ယုံကြည်သူတစ်ယောက် ဖြစ်သည်ဟု သင်ရို့ သတ်မှတ်လျှင် အကျွန့်အိမ်၌ လာ၍ တည်းကြပါ” ဟု တောင်းပန်၍ သူမသည် ငါရို့အား လိုက်ပါဖို့ရန် ဆွဲဆောင်ပြောဆိုလေ၏။
ပေါလုနှင့် သိလသည် ဖိလိပ္ပိအကျဉ်းထောင်၌ အချုပ်အနှောင်ခံရခြင်း
16 တစ်နိ့သ၌ ငါရို့သည် ဆုတောင်းရာနီရာသို့ လားကြစဉ်တွင် နတ်ဝင်၍ နောင်ဖြစ်လတံ့သောအရာတိကို ဟောပြောခြင်းအားဖြင့် မိမိ၏သခင်အား ဝင်ငွီများစွာ ရှာပီးနိန်သော အစီခံမိန်းမချေတစ်ယောက်သည် ငါရို့ကို တွိ့လေ၏။ 17 ထိုအခါ ထိုမိန်းမချေက “ဤသူရို့သည် အမြင့်ဆုံးသော ဘုရားသခင်၏ အမှုတော်ဆောင်များ ဖြစ်ကြပြီး၊ သင်ရို့အား ကယ်တင်ခြင်းလမ်းကို ဟောပြောနိန်သောသူများဖြစ်ကြ၏” ဟု အော်ဟစ်၍ ပေါလုနှင့် ငါရို့နောက်က လိုက်ပါလာ၏။ 18 ထိုမိန်းမ‌ချေသည် ရက်ပေါင်းများစွာ ဤသို့ လုပ်လာသောအခါ ပေါလုသည် ခံပြင်းသောစိတ်ဖြင့် လှည့်ကြည့်ကာ “ယေသျှုခရစ်တော်၏ နာမတော်၌ သင့်ကို ငါ နှင်ထုတ်၏၊ အေမိန်းမချေ ပါးက ထွက်လား” ဟု နတ်ကို အမိန့်ပီးလိုက်သည်နှင့် ထိုနတ်သည် ထိုမိန့်မချေပါးက ချက်ချင်း ထွက်လားလေ၏။ 19 ထိုမိန်းမချေ၏ သခင်ရို့က မိမိရို့၏ငွီရပေါက် ပိတ်လားကြောင်းကို သိလားကြသောအခါ ထိုသူရို့က ပေါလုနှင့် သိလကို ဖမ်းဆီး၍ ပြည်သူ့ရင်ပြင်၌ဟိသော အာဏာပိုင်တိပါးသို့ ဆွဲခေါ်လားကြ၏။ 20 ရောမအရာဟိတိ ရှိ့သို့ ရောက်သောအခါ ထိုသူရို့က “ဤလူတိသည် ယုဒလူမျိုးတိဖြစ်ကြပြီး အကျွန်ရို့မြို့မှာ ရုန်းရင်းဆန်ခတ်ဖြစ်အောင် လုပ်နိန်ကြပါ၏၊ 21 သူရို့သည် အကျွန်ရို့ ဥပဒေနှင့် ဆန့်ကျင်သော ဓလေ့ထုံးစံတိကို သွန်သင်နိန်ကြပါ၏၊ အကျွန်ရို့သည် ရောမနိုင်ငံသားများဖြစ်၍ ဤဓလေ့ထုံးစံတိကို အကျွန်ရို့ လက်မခံနိုင်ပါ၊ ကျင့်လည်း မကျင့်နိုင်ကြပါ” ဟု လျှောက်ဆိုကြ၏။ 22 ထိုအခါ လူအပေါင်းရို့သည် ပေါလုနှင့် သိလ ကို တိုက်ခိုက်ခြင်းငှာ စုဝေးလာကြ၏။
ထို့နောက် အရာဟိတိက ပေါလုနှင့် သိလ၏ အဝတ်ကို ဆွဲချွတ်၍ ကြာပွတ်နှင့် သတ်ခိုင်းကြ၏။ 23 ပြင်းထန်စွာ သတ်ကြပြီးနောက် ပေါလုနှင့် သိလကို ထောင်ထဲသို့ သွင်းထားကာ တင်းကြပ်စွာ လှောင်ထားဖို့ရန် ထောင်မှူးကို အမိန့်ပီးထားလိုက်၏။ 24 ဤအမိန့်အတိုင်း ထောင်မှူးသည် သူရို့ကို ထောင်အတွင်းခန်းထဲသို့ ဆွဲသွင်းပြီးလျှင် လေးလံသောသစ်သား ထိတ်တုံးဖြင့် သူရို့ခြီထောက်ကို ခတ်ထားလိုက်၏။
25 ညဉ့်သန်းခေါင်အချိန် ခန့်တွင် ပေါလုနှင့် သိလသည် ဘုရားသခင်ကို ဆုတောင်းပတ္ထနာပြု၍ ချီးမွမ်းတေးခြင်းများကို ဆိုနိန်ကြ၏။ တခြားထောင်သားများကလည်း သူရို့တေးခြင်းကို နားထောင်နိန်ကြ၏။ 26 ထိုအခါ ပြင်းထန်သော မြီငလျှင်တစ်ခုသည် ရုတ်တရက် လှုပ်သောကြောင့် ထောင်၏အုတ်မြစ် တုန်လှုပ်ကာ ထောင်တန်းခါးအားလုံးသည် ချက်ချင်း ပွင့်လာကြပြီးလျှင် ထောင်သားအားလုံးသည် ချိုင်ထားသော သံကြိုးမှ လွတ်မြောက်ကြလေ၏။ 27 ထောင်မှူးသည် နိုးလာ၍ ထောင်တန်းခါးတိ ပွင့်နိန်သည်ကို မြင်လျှင် ထောင်သားတိ လွတ်မြောက်လားကြပြီဟု ထင်မှတ်ကာ မိမိ၏ဓါးကို ဆွဲထုတ်ပြီး မိမိကိုယ်ကို အဆုံးစီရင်ရန် ပြုလေ၏။ 28 သို့ရာတွင် ပေါလုက “ကိုယ့်ကိုယ်ကို အန္တရာယ် မပြုကေ့။ ငါရို့ အားလုံး ဤနီရာ၌ပင် ဟိကြ၏” ဟု ကျယ်သောအသံနှင့် အော်ပြောလေ၏။
29 ထောင်မှူးသည် မီးခွက်တစ်ခုကို တောင်း၍ ထောင်ထဲသို့ ဗြီးဝင်ပြီးလျှင် ပေါလုနှင့် သိလရို့၏ခြီရင်း၌ တုန်လှုပ်လျက် ပြပ်ဝပ်လေ၏။ 30 ထို့နောက် ထောင်မှူးသည် သူရို့ကို အပြင်သို့ ခေါ်ထုတ်လာပြီးလျှင် “ဆရာရို့၊ အကျွန်သည် ကယ်တင်ခြင်းရရန် ဇာလုပ်ရပါဖို့လဲ” ဟု မိန်းလျှောက်၏။
31 ထိုအခါ သူရို့က “အသျှင်ယေသျှုကို ယုံကြည်လော့။ ထိုသို့ ယုံကြည်လျှင် သင်နှင့် သင်၏အိမ်သူ အိမ်သားတိသည် ကယ်တင်ခြင်းသို့ ရောက်ကြလိမ့်မည်” ဟု ပြော၏။ 32 ထို့နောက် ပေါလုနှင့် သိလသည် ထောင်မှူးနှင့် သူ၏အိမ်သူအိမ်သားအားလုံးကို သခင်ဘုရား၏ နှုတ်ကပတ်တရားတော်ကို ဟောပြောကြ၏။ 33 ထိုညဉ့်အချိန်၌ပင် ထောင်မှူးသည် ပေါလုနှင့်သိလကို ထုတ်ယူ၍ သူရို့၏ဒဏ်ရာများကို ဆီးကြောပီးလေ၏။ ထို့နောက် သူနှင့် သူ၏မိသားစုအားလုံးသည် ချက်ချင်း ဗတ္တိဇံကို ခံယူကြ၏။ 34 ထို့နောက် ထောင်မှူးသည် ပေါလုနှင့် သိလကို မိမိအိမ် အထက်ခန်းသို့ ဖိတ်ခေါ်၍ အစားအစာကို ကျွေးမွေးလေ၏၊ အဂုတွင် သူနှင့် သူ့မိသားစုအားလုံးသည် ဘုရားသခင်ကို ယုံကြည်ကြသောကြောင့် ဝမ်းမြောက်မှုနှင့် ပြည့်စုံကြလေ၏။
35 မိုးလင်းသောအခါ ရောမအာဏာပိုင်များသည် ရုံးလုလင်တိကို စီရွှတ်ကာ “ထိုသူရို့ကို ရွှတ်ပီးလိုက်” ဟု မိန့်မှာလိုက်၏။
36 ထို့ကြောင့် ထောင်မှူးက ပေါလုအား “အရာဟိတိက သင်နှင့် သိလအား ရွှတ်ရန် အမိန့်ပီးလိုက်၏၊ ထို့ကြောင့် သင်ရို့သည် ငြိမ်းချမ်းစွာဖြင့် ထွက်ခွာ၍ လားကတ်လီဖိ” ဟု ပြောလေ၏။
37 သို့ရာတွင် ပေါလုက “ငါရို့မှာ ဒုစရိုက်အပြစ် တစ်ခုမျှ မတွိ့သော်လည်း သူရို့သည် ရောမနိုင်ငံသားဖြစ်သော ငါရို့ကို လူသိသျှင်ကြား တုတ်ဖြင့် သတ်ကာ ထောင်ထဲမှာ လှောင်ထားကြ၏။ အဂုခါ သူရို့သည် ငါရို့ကို လျှို့ဝှက်စွာဖြင့် နှင်ထုတ်လိုကြ၏၊ ယင်းပိုင်လုပ်လို့မရ။ ရောမအရာဟိတိ ကိုယ်တိုင် ဤနီရာသို့ လာပြီးလျှင် ငါရို့ကို လွှတ်ပီးရမည်” ဟု ရုံးလုလင်တိအား ပြောလေ၏။
38 ဤစကားကို ရုံးလုလင်တိက ရောမအရာဟိတိပါးသို့ သတင်းပို့လိုက်သောအခါ ပေါလုနှင့် သိလရို့သည် ရောမနိုင်ငံသားတိဖြစ်ကြောင်းကို သူရို့သည် ကြားသိကြလျှင် သူရို့သည် ကြောက်လန့်ကြရလေ၏။ 39 ထို့ကြောင့် သူရို့သည် ပေါလုနှင့် သိလပါးသို့ ရောက်လာကြပြီးလျှင် သူရို့ကို တောင်းပန်ပြီးနောက် ထောင်ထဲက ထုတ်ကာ ဤမြို့မှ ထွက်လားကြရန် မေတ္တာရပ်ခံကြလေ၏။ 40 ထိုအခါ ပေါလုနှင့် သိလသည် ထောင်မှ ထွက်၍ လုဒိအိမ်သို့ လားကြ၏။ ထိုနီရာ၌ ဟိသော ယုံကြည်သူတိနှင့် တွိ့ဆုံပြီး၊ သူရို့ကို အားပီးစကားများ ပြောဆိုပြီးမှ ထိုအရပ်မှ ထွက်လားကြလေ၏။

*16:8 လျှောက်၍၊ သို့မဟုတ် ဖြတ်၍။

16:12 မာကေဒေါနိပြည်၏ ပထမဆုံး ခရိုင်မြို့ တစ်မြို့၊ အချို့ မူရင်းလက်ရီးမူကျမ်းများတွင် မာကေဒေါနိပြည်၏ ခရိုင်ကို ဦးဆောင်သော မြို့တစ်မြို့၊ သို့မဟုတ် မာကေဒေါနိပြည်၌ ဟိသော ခရိုင်၏ ဦးဆောင်သော မြို့တစ်မြို့၊ ဟူ၍ ပါဟိ၏။